Knowledge Sharing
Thailand Pre-sale Condo Buying Guide 2026
Published 2026-06-21
🇹🇭 ယနေ့ခေတ်မှာ ထိုင်းနိုင်ငံရဲ့ အချက်အခြာကျတဲ့နေရာတွေမှာ ရင်းနှီးမြှုပ်နှံဖို့ဖြစ်စေ၊ ကိုယ်တိုင်နေထိုင်ဖို့ဖြစ်စေ အချောမသတ်ရသေးတဲ့ ကြိုပွိုင့်ကွန်ဒို (Pre-sale Condo) တွေကို ဝယ်ယူတာဟာ အလွန်ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။ ထိုင်းကွန်ဒိုတွေဟာ ဝယ်ယူရလွယ်ကူပြီး ငွေပေးချေမှုမှာ အချိန်ရတာကြောင့် လူကြိုက်များပေမဲ့ တစ်ဖက်မှာလည်း ထိုင်းနိုင်ငံရဲ့ ဥပဒေနဲ့ လုပ်ငန်းစဉ်တွေကို သေချာနားမလည်ရင် ငွေကြေးဆုံးရှုံးမှုတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် အိမ်ပိုင်ရှင်အစစ်အမှန် ဖြစ်လာဖို့အတွက် သိထားသင့်တဲ့ အချက်အလက်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ 🤗✨
◻️ ထိုင်းမှာ ကြိုပွိုင့်ဝယ်ယူတဲ့အခါ ပထမဆုံးအနေနဲ့ မိမိနှစ်သက်တဲ့ အခန်းကို လက်ဦးမှုရယူဖို့ Booking Fee အရင်ပေးသွင်းရပါမယ်။ အဲ့နောက်မှာ သတ်မှတ်ထားတဲ့ ရက်အတွင်း (များသောအားဖြင့် ၇ ရက်မှ ၁၄ ရက်အတွင်း) မှာ အိမ်တန်ဖိုးရဲ့ ၁၅% မှ ၃၀% ဝန်းကျင်အထိကို First Payment (Down Payment) အဖြစ် ပေးချေပြီး အရောင်းအဝယ်စာချုပ် ချုပ်ဆိုရပါတယ်။ ကျန်ရှိနေတဲ့ Last Payment အားလုံးကိုတော့ ကွန်ဒိုဆောက်လုပ်ပြီးစီးလို့ အခန်းအပ်ခါနီး Ownership Transfer လုပ်မည့်နေ့မှသာ အကျေပေးချေရမှာ ဖြစ်ပါတယ်။ ✨
◻️ ငွေအကျေမချေခင်မှာ အရေးကြီးဆုံးအဆင့်က Room Inspection Defect Check လုပ်ဖို့ပါ။ ထိုင်းမှာတော့ ဒါကို Acceptance of Unit လို့ ခေါ်လေ့ရှိပါတယ်။ မိမိဝယ်ယူထားတဲ့ အခန်းရဲ့ အရည်အသွေး၊ ရေလိုင်း၊ မီးလိုင်းနဲ့ အပြင်အဆင်တွေဟာ စံချိန်စံညွှန်းမီရဲ့လားဆိုတာကို အသေးစိတ်စစ်ဆေးပါ။ အားလုံးအဆင်ပြေပြီး ပြင်စရာရှိတာတွေ ပြင်ပြီးမှသာ Land Department မှာ အခန်းပိုင်ဆိုင်မှုကို မိမိအမည်ပေါက် Ownership Transfer ပြုလုပ်ပြီး ဝယ်ယူမှုလုပ်ငန်းစဉ်ကို အဆုံးသတ်ရမှာ ဖြစ်ပါတယ်။ ✨
◻️ ထိုင်းနိုင်ငံပြင်ပကနေ ငွေလွှဲစနစ်နဲ့ ပေးချေမယ်ဆိုရင် Developer ဆီ တိုက်ရိုက်လွှဲတာက အစိတ်ချရဆုံးပါ။ ထိုင်းဥပဒေအရ နိုင်ငံခြားသားအမည်ပေါက် ဝယ်ယူမယ်ဆိုရင် ငွေကြေးကို ပြည်ပကနေ စီးဝင်လာကြောင်း သက်သေပြနိုင်ဖို့ လိုအပ်ပါတယ်။ ငွေလွှဲတဲ့အခါ Note နေရာမှာ Project Name ၊ အခန်းနံပါတ်နဲ့ ဝယ်ယူသူအမည် တို့ကို တိတိကျကျ ထည့်သွင်းပေးပါ။ ဒါမှသာ ဘဏ်ကနေ FET (Foreign Exchange Transaction) Form ထုတ်ပေးနိုင်မှာဖြစ်ပြီး အမည်ပေါက်ပြောင်းတဲ့အခါ အထောက်အထား ခိုင်လုံမှာ ဖြစ်ပါတယ်။ ✨
◻️ ထိုင်းကွန်ဒိုဝယ်တဲ့အခါ အိမ်ဖိုးအပြင် အောက်ပါစရိတ်တွေကိုပါ ထည့်တွက်ထားရပါမယ်။
🔹ကွန်ဒိုရေရှည်ပြုပြင်ထိန်းသိမ်းမှုအတွက် တစ်ကြိမ်တည်းပေးရတဲ့ Sinking Fund
🔹လုံခြုံရေး၊ ရေကူးကန်နဲ့ Gym တို့အတွက် လစဉ်ပေးရမယ့် Maintenance Fee
🔹ပိုင်ဆိုင်မှုလွှဲပြောင်းခ Transfer Fee (အိမ်တန်ဖိုးရဲ့ ၂% ဖြစ်ပြီး များသောအားဖြင့် ဝယ်သူနဲ့ ရောင်းသူ တစ်ဝက်စီ မျှပေးရလေ့ရှိပါတယ်) တို့အပြင်
🔹မီတာတပ်ဆင်ခ (Electricity & Water Meter) တွေကိုပါ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။
ထိုင်းမှာ ကြိုပွိုင့်ကွန်ဒိုဝယ်ယူခြင်းဟာ ငွေပေးချေမှုမှာ အချိန်ရသလို၊ စီမံကိန်းပြီးသွားတဲ့အခါ အခန်းတန်ဖိုး မြင့်တက်လာနိုင်တဲ့ အကျိုးကျေးဇူးလည်း ရှိပါတယ်။ ဒါကြောင့် စာချုပ်ပါအချက်အလက်တွေကို သေချာနားလည်ထားမယ်ဆိုရင် စိတ်အေးချမ်းသာစွာနဲ့ အိမ်ပိုင်ရှင် ဖြစ်လာနိုင်မှာပါ။ 🥰✨
𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐋𝐢𝐧𝐤 𝐏𝐫𝐨𝐩𝐞𝐫𝐭𝐢𝐞𝐬 က ထိုင်းနိုင်ငံမှ တရားဝင်လိုင်စင်ရထားတဲ့ Company တစ်ခုဖြစ်ပြီးတော့ Condo/Villa/Townhouse စဝယ်ယူမည့်သူများကိုလည်း Consultation လုပ်ပေးခြင်း၊ Project များကို လူကိုယ်တိုင် (သို့) Video Tour ဖြင့် ပြသပေးခြင်း၊ ဝယ်ယူပြီးသည့်နောက် စာချုပ်စာတမ်းများခိုင်မာသည်အထိ ဆောင်ရွက်ပေးခြင်း စသဖြင့် လူကြီးမင်းတို့အဆင်ပြေအောင် အစ/အဆုံး One Stop Service ဝန်ဆောင်မှုပေးလျက်ရှိပါတယ်နော်။
𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐋𝐢𝐧𝐤 𝐏𝐫𝐨𝐩𝐞𝐫𝐭𝐢𝐞𝐬: 𝐓𝐮𝐫𝐧𝐢𝐧𝐠 𝐘𝐨𝐮𝐫 𝐃𝐫𝐞𝐚𝐦𝐬 𝐢𝐧𝐭𝐨 𝐑𝐞𝐚𝐥𝐢𝐭𝐲.
Thailand Phone: +66 65 758 5266
#BangkokLinkProperties
#ThailandRealEstate #ThaiCondo #PreSaleCondo #InvestInThailand
#BangkokCondo #ထိုင်းကွန်ဒို
#အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု #ကြိုပွိုင့်ကွန်ဒို