Knowledge Sharing

Sukhumvit လိုင်းပေါ်က လက်ရှိ Real Estate Market မှာ စိတ်ဝင်စားဖို့ကောင်းပြီး ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်နေတဲ့ Phra Khanong Area

Published 2026-06-12

Phra Khanong ဟာ Bangkok ရဲ့ အဓိကကျောရိုးမကြီးဖြစ်တဲ့ Sukhumvit Road ပေါ်မှာရှိပြီး BTS Phra Khanong Station က အဓိကအချက်အချာဖြစ်ပါတယ်။

နောက်ပြီး Bangkok ရဲ့ အချက်အချာအကျဆုံး၊ စျေးအကြီးဆုံးနဲ့ Luxury အကျဆုံးဖြစ်တဲ့ Thonglor နဲ့ Ekkamai Area တွေရဲ့ ဘေးတင်မှာတင် တည်ရှိတာဖြစ်ပြီး သွားလာရေးအတွက်ဆိုရင်လည်း BTS စီးရင် Ekkamai ကို ၁ ဘူတာ၊ Thonglor ကို ၂ ဘူတာပဲ ဝေးပါတယ်။ Ram Inthra - At Narong Expressway နဲ့ နီးတာကြောင့် ကားနဲ့ သွားလာမယ့်သူတွေအတွက် မြို့တွင်း/မြို့ပြင် သွားလာရ အရမ်း အဆင်ပြေတဲ့ နေရာတစ်ခုပါ။

အရင်က Phra Khanong က လူနေရပ်ကွက် သက်သက်ပဲဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ Thonglor နဲ့ Ekkamai တို့မှာ မြေစျေးတွေ အဆမတန် တက်လာတဲ့အတွက် အဲ့ဒီ Lifestyle ကို လိုချင်ပြီး Budget သင့်တင့်တာကို ရှာဖွေနေတဲ့ နိုင်ငံခြားသားတွေနဲ့ Middle-Class Professional တွေရဲ့ အဓိက Target နေရာ ဖြစ်လာပါတယ်။ ဒါကြောင့် နေရာက အရမ်း အချက်အချာကျပြီး စည်ကားတဲ့ နေရာတစ်ခု ဖြစ်နေပါပြီ။

အပန်းဖြေဖို့ Outdoor Spot တွေ၊ Gateway Ekkamai၊ Lotus’s On Nut စတာတွေနဲ့ နီးလို့ နေ့စဉ် စားသောက်နေထိုင်ရေး အဆင်ပြေပါတယ်။

Sukhumvit Hospital, St. Andrews International School တို့လို နာမည်ကြီး ကျောင်းနဲ့ ဆေးရုံတွေ အနီးအနားမှာ ရှိတာက မိသားစုလိုက် နေထိုင်မယ့်သူတွေ သဘောကျမယ့်အချက်ပါ။

ဒီ Area က ဖွံ့ဖြိုးတက်ကြွမှု အရှိန်မပျက်သေးတဲ့နေရာဖြစ်လို့ ရေရှည်မှာ Property Value တက်လာဖို့ သေချာသလောက်ရှိပြီး အခုဝယ်ထားရင် နောင်တစ်ချိန်မှာ Capital Gain ပိုကျန်နိုင်ပါတယ်။

ဒါကြောင့် အခုလို Phra Khanong Area မှာ ဘတ်ဂျက်သက်သာပြီး Luxury ဆန်တဲ့ Facilities အစုံအလင်နဲ့ ရွေးချယ်ချင်တယ်ဆိုရင်တော့ လက်ရှိစျေးကွက်မှာ Hot ဖြစ်နေတဲ့ Life Sukhumvit Rama 4 Project ကို Bangkok Link Properties မှတဆင့်စုံစမ်းလေ့လာပြီး ပိုင်ဆိုင်နိုင်ပါပြီ။

𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐋𝐢𝐧𝐤 𝐏𝐫𝐨𝐩𝐞𝐫𝐭𝐢𝐞𝐬 က ထိုင်းနိုင်ငံမှ တရားဝင်လိုင်စင်ရထားတဲ့ Company တစ်ခုဖြစ်ပြီးတော့ Condo/Villa စဝယ်ယူမည့်သူများကိုလည်း Consultation လုပ်ပေးခြင်း၊ Project များကို လူကိုယ်တိုင် (သို့) Video Tour ဖြင့် ပြသပေးခြင်း၊ ဝယ်ယူပြီးသည့်နောက် စာချုပ်စာတမ်းများခိုင်မာသည်အထိ ဆောင်ရွက်ပေးခြင်း စသဖြင့် လူကြီးမင်းတို့အဆင်ပြေအောင် အစ/အဆုံး One Stop Service ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

BangkokLink Properties: Turning Your Dreams into Reality.

Thailand Phone: +66 65 758 5266

#BangkokLinkProperties #RealEstateThailand #CondoInvestment #PhraKhanongArea #ဘန်ကောက်ကွန်ဒို #ထိုင်းအိမ်ခြံမြေစျေးကွက် #LifeSukhumvitrama4