Knowledge Sharing

Sinking Fund ဆိုတာဘာလဲ? ထိုင်းမှာ ကွန်ဒိုဝယ်ရင် ဒါတွေကိုမသိလို့ မဖြစ်ဘူးနော် ...

Published 2026-06-12

ထိုင်းနိုင်ငံမှာ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံဖို့ ဒါမှမဟုတ် ကိုယ်တိုင်နေထိုင်ဖို့ ကွန်ဒိုတွေကို လေ့လာတဲ့အခါ "Sinking Fund" ဆိုတဲ့ စကားလုံးကို မဖြစ်မနေ ကြားဖူးကြပါလိမ့်မယ်။ မြန်မာလိုဆိုရင်တော့ "အဆောက်အဦး ရေရှည်ကြံ့ခိုင်မှုနဲ့ အရေးပေါ်ပြုပြင်ထိန်းသိမ်းမှု အရန်ရန်ပုံငွေ" လို့ ခေါ်ဆိုနိုင်ပါတယ်။

အများစုက ပုံမှန်လစဉ် သို့မဟုတ် နှစ်စဉ် ပေးဆောင်ရတဲ့ Common Fee နဲ့ မှားတတ်ကြတာမို့ မဝယ်ယူမီမှာ ဒီ Sinking Fund ရဲ့ သဘောသဘာဝကို သေချာပေါက် ခွဲခြားသိမြင်ထားဖို့ လိုအပ်ပါတယ်။

Sinking Fund ကို ဘယ်အချိန်မှာ ပေးဆောင်ရသလဲ?
Sinking Fund ဟာ ပုံမှန်လစဉ်ပေးရတဲ့ ကုန်ကျစရိတ်မျိုး မဟုတ်ဘဲ အခြေခံအားဖြင့် တစ်ကြိမ်သာ ပေးချေရတဲ့ စနစ်ဖြစ်ပါတယ်။ အများအားဖြင့် ကွန်ဒိုအသစ် Off-plan / New Project ကို Developer ဆီက‌နေ စတင်ဝယ်ယူပြီး အခန်းပိုင်ဆိုင်မှု လွှဲပြောင်းယူတဲ့နေ့မှာပဲ တစ်ခါတည်း သတ်မှတ်ချက်အတိုင်း ပေးချေရခြင်း ဖြစ်ပါတယ်။

ဒါပေမယ့် နောက်ပိုင်း နှစ်ပေါင်းများစွာကြာပြီး ကွန်ဒိုသက်တမ်း ရင့်လာချိန်မှာ Sinking Fund သက်တမ်း ကုန်ဆုံးခါနီး ဖြစ်လာရင်တော့ ကွန်ဒိုကော်မတီရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ အိမ်ရှင်ဆီကနေ Fund ထပ်ဖြည့်ထည့်ဖို့ တောင်းခံတာမျိုး ရှိနိုင်ပေမယ့် ဒါဟာ လက်တွေ့မှာ အလွန်ရှားပါးတဲ့ အခြေအနေမျိုးပဲ ဖြစ်ပါတယ်။

Sinking Fund ကို ဘယ်လိုနေရာမျိုးတွေမှာ အသုံးပြုသလဲ?
အဓိက ကွာခြားချက်ကတော့ Sinking Fund ကို နေ့စဉ် အမှိုက်သိမ်းခ၊ သန့်ရှင်းရေး ဝန်ဆောင်မှု ဒါမှမဟုတ် လုံခြုံရေးဝန်ထမ်းတွေရဲ့ လစာတွေလို အသေးအမွှားကိစ္စတွေအတွက် လုံးဝအသုံးမပြုပါဘူး။ အဆောက်အဦးတစ်ခုလုံးရဲ့ ရေရှည်တည်တံ့ခိုင်မြဲမှုနဲ့ ကွန်ဒိုတန်ဖိုး မကျဆင်းစေဖို့အတွက် အကြီးစား ပြုပြင်မွမ်းမံမှုများမှာသာ သုံးစွဲခွင့်ရှိတာ ဖြစ်ပါတယ်။

ဥပမာ နှစ်အတော်ကြာလို့ အဆောက်အဦးတစ်ခုလုံး ဆေးအသစ်ပြန်သုတ်တာ၊ သက်တမ်းကုန်ခါနီး ဓာတ်လှေကားစနစ်တစ်ခုလုံးကို အသစ်လဲလှယ်တာ သို့မဟုတ် အကြီးစားပြင်ဆင်တာ၊ ရေကူးကန်စနစ် သို့မဟုတ် အမိုးမျက်နှာပြင် ရေလုံစနစ်တွေ ပြန်လည်ပြုပြင်တာနဲ့ အရေးပေါ် မီးဘေးကာကွယ်ရေး စနစ်တွေကို အဆင့်မြှင့်တင်တာမျိုး စတဲ့ ကိစ္စရပ်ကြီးတွေမှာပဲ ဥပဒေနဲ့အညီ အသုံးပြုပါတယ်။

ကုန်ကျစရိတ်ကို ဘယ်လိုပုံစံနဲ့ တွက်ချက်သလဲ?
Sinking Fund ရဲ့ ကုန်ကျစရိတ်ကို တွက်ချက်တဲ့အခါ ဝယ်ယူထားတဲ့ အခန်းရဲ့ အကျယ်အဝန်း (စတုရန်းမီတာ - Sq.m) ပေါ်မှာပဲ မူတည်ပြီး ပုံသေတွက်ချက်ပါတယ်။ Condo Project တစ်ခုချင်းစီအလိုက် တစ်စတုရန်းမီတာကို သတ်မှတ်ထားတဲ့ Amount ရှိတဲ့အတွက် အခန်းလွှဲပြောင်းယူစဉ်ကတည်းက စုစုပေါင်းပမာဏကို တစ်ကြိမ်တည်း ပေးသွင်းရတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး စိတ်ချရတဲ့ ကွန်ဒိုကောင်းတွေကို အသေးစိတ် စုံစမ်းမေးမြန်းလိုပါက BangkokLink Properties ကို ယုံကြည်စိတ်ချစွာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐋𝐢𝐧𝐤 𝐏𝐫𝐨𝐩𝐞𝐫𝐭𝐢𝐞𝐬 က ထိုင်းနိုင်ငံမှ တရားဝင်လိုင်စင်ရထားတဲ့ Company တစ်ခုဖြစ်ပြီးတော့ Condo/Villa စဝယ်ယူမည့်သူများကိုလည်း Consultation လုပ်ပေးခြင်း၊ Project များကို လူကိုယ်တိုင် (သို့) Video Tour ဖြင့် ပြသပေးခြင်း၊ ဝယ်ယူပြီးသည့်နောက် စာချုပ်စာတမ်းများခိုင်မာသည်အထိ ဆောင်ရွက်ပေးခြင်း စသဖြင့် လူကြီးမင်းတို့အဆင်ပြေအောင် အစ/အဆုံး One Stop Service ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

BangkokLink Properties: Turning Your Dreams into Reality.
Thailand Phone: +66 65 758 5266


#BangkokLinkProperties
#ThailandRealEstate
#BangkokRealEstate
#SinkingFund #CondoInvestment