Knowledge Sharing

ကွန်ဒိုဝယ်ရင် အနီးနားမှာ ဘယ်လို Landmark တွေရှိဖို့ လိုအပ်သလဲ?

Published 2026-06-12

ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်မှာ ရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် အချက်အချာကျတဲ့ Landmark တွေအကြောင်း သိထားဖို့က အလွန်အရေးကြီးပါတယ်။ Landmark တစ်ခုရဲ့ အနီးအနားမှာရှိတဲ့ စီမံကိန်းတွေဟာ အချိန်ကြာလာတာနဲ့အမျှ တန်ဖိုးမြင့်တက်ရုံတင်မကဘဲ အငှားသွက်ပြီး ခိုင်မာတဲ့ ဈေးကွက်ဝယ်လိုအားကို အမြဲရရှိနေတတ်ပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရဲ့ အိမ်ခြံမြေတန်ဖိုးကို မြှင့်တင်ပေးနေတဲ့ ထင်ရှားကျော်ကြားတဲ့ Landmark တွေနဲ့ အားသာချက်တွေကတော့ -

ICONSIAM နှင့် Chao Phraya River
မြစ်ကမ်းနားတစ်လျှောက်ဟာ ဘန်ကောက်ရဲ့ Luxury District လို့ တင်စားရလောက်အောင် တန်ဖိုးကြီးပါတယ်။ ICONSIAM လိုမျိုး ကမ္ဘာ့အဆင့်မီ Shopping Mall ကြီး ရှိနေခြင်းက အနီးနားမှာရှိတဲ့ ကွန်ဒိုစီမံကိန်းများကို ကမ္ဘာလှည့်ခရီးသွားများနဲ့ ရင်းနှီးမြှုပ်နှံသူများကြား အထူးရေပန်းစားစေပါတယ်။ River View ရရှိခြင်းက အိမ်ခြံမြေတန်ဖိုးကို အဆမတန် မြင့်တက်စေတဲ့ အဓိကအချက် ဖြစ်ပါတယ်။

The Grand Palace နှင့် Old City Area
နန်းတော်ဟောင်းနဲ့ သမိုင်းဝင်နေရာများရှိရာ ဒေသမှာတော့ အထပ်မြင့် အဆောက်အဦးအသစ် ဆောက်လုပ်ခွင့် ကန့်သတ်ချက်များရှိတာကြောင့် ရှိပြီးသား အိမ်ခြံမြေတွေရဲ့ ရှားပါးမှု Scarcity က တန်ဖိုးကို ထိန်းထားပေးပါတယ်။ ယဉ်ကျေးမှု အငွေ့အသက်ကို ကြိုက်နှစ်သက်တဲ့ နိုင်ငံခြားသားများအတွက် Boutique Hotel သို့မဟုတ် Short-term Rental လုပ်ငန်းများဟာ အလားအလာ အလွန်ကောင်းပါတယ်။

Sukhumvit (Asoke, Phrom Phong, Thonglor)
ဘန်ကောက်ရဲ့ စီးပွားရေးနဲ့ လူနေမှုအဆင့်အတန်း အမြင့်ဆုံးနေရာဖြစ်တဲ့ Sukhumvit လမ်းမကြီးတစ်လျှောက်ဟာ Landmark တစ်ခုလို ဖြစ်နေပါတယ်။ EmQuartier နဲ့ EmSphere လိုမျိုး အဆင့်မြင့်ကုန်တိုက်ကြီးများရှိရာ ဒီနယ်မြေတစ်ခွင်ဟာ နိုင်ငံတကာမှ Expat များ အခြေချရာနေရာဖြစ်ပြီး Rental Yield အခိုင်မာဆုံး နေရာတစ်ခုလည်း ဖြစ်ပါတယ်။

One Bangkok နှင့် Lumpini Park
ဘန်ကောက်ရဲ့ အကြီးဆုံး အိမ်ခြံမြေစီမံကိန်းကြီးဖြစ်တဲ့ One Bangkok ဟာ Central Business District ရဲ့ Landmark အသစ် ဖြစ်လာပါတယ်။ Lumpini Park လိုမျိုး အရေးပါတဲ့ ပန်းခြံကြီးအနီးမှာရှိတဲ့ အိမ်ခြံမြေတွေဟာ မြို့ပြရဲ့ မွမ်းမံမှုနဲ့ သဘာဝတရားကို တစ်ပြိုင်နက် ခံစားနိုင်တာကြောင့် အဆင့်မြင့်လူနေမှုပုံစံကို ရှာဖွေသူများအတွက် အထူးသင့်တော်ပါတယ်။

Landmark အနီးမှာ ဝယ်ယူခြင်းဖြင့် -
နေရာကောင်းဖြစ်တာကြောင့် နောင်တစ်ချိန် ပြန်လည်ရောင်းချရာမှာလည်း အမြတ်အစွန်း ပိုမိုရရှိနိုင်ပါတယ်။
Landmark အနီးတစ်ဝိုက်မှာ Sky Train BTS နဲ့ Underground MRT များ အမြဲရှိနေတတ်ပါတယ်။
အမြဲတမ်း လူစည်ကားပြီး သွားလာရလွယ်ကူသဖြင့် အငှားချထားရန် လွယ်ကူပါတယ်။

ထိုင်းနိုင်ငံမှာ အိမ်ခြံမြေ ဝယ်ယူတော့မယ်ဆိုရင် မိမိစိတ်ဝင်စားတဲ့ နေရာဟာ ဘယ် Landmark နဲ့ နီးသလဲ၊ ပတ်ဝန်းကျင်မှာ ဘယ်လိုအဆောက်အအုံသစ်တွေ ထပ်ပေါ်လာဦးမလဲဆိုတာကို ကြိုတင်လေ့လာခြင်းဖြင့် မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐋𝐢𝐧𝐤 𝐏𝐫𝐨𝐩𝐞𝐫𝐭𝐢𝐞𝐬 က ထိုင်းနိုင်ငံမှ တရားဝင်လိုင်စင်ရထားတဲ့ Company တစ်ခုဖြစ်ပြီးတော့ Condo/Villa စဝယ်ယူမည့်သူများကိုလည်း Consultation လုပ်ပေးခြင်း၊ Project များကို လူကိုယ်တိုင် (သို့) Video Tour ဖြင့် ပြသပေးခြင်း၊ ဝယ်ယူပြီးသည့်နောက် စာချုပ်စာတမ်းများခိုင်မာသည်အထိ ဆောင်ရွက်ပေးခြင်း စသဖြင့် လူကြီးမင်းတို့အဆင်ပြေအောင် အစ/အဆုံး One Stop Service ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

BangkokLink Properties: Turning Your Dreams into Reality.
Thailand Phone: +66 65 758 5266


#BangkokLinkProperties
#RealEstateThailand
#ThaiRealEstate
#InvestmentKnowledge #LandmarksOfBangkok
#PropertyTips