Knowledge Sharing
Fully Fitted နဲ့ Fully Furnished ကွာခြားချက်
Published 2026-06-15
ထိုင်းနိုင်ငံမှာ ကွန်ဒိုဝယ်ယူဖို့ စိတ်ကူးထားတဲ့အခါ Fully Fitted နဲ့ Fully Furnished ဆိုတဲ့ အမျိုးအစားနှစ်ခုက လူကြီးမင်းတို့အတွက် အမြဲတမ်း ရွေးချယ်စရာ ဖြစ်နေတတ်ပါတယ်။ ဒီနှစ်ခုရဲ့ အဓိကကွာခြားချက်ကတော့ အခန်းတွင်း ပြင်ဆင်မှုအပိုင်းနဲ့ ပရိဘောဂ အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ မိမိရဲ့ နေထိုင်မှုပုံစံနဲ့ ဘယ်ဟာက ပိုကိုက်ညီမလဲဆိုတာကို သေချာစဉ်းစားပြီးမှ ဝယ်ယူဖို့ အကြံပြုလိုပါတယ်။
အခြေခံအဆင့် ပြင်ဆင်ထားပေးတဲ့ Fully Fitted ပုံစံ
Fully Fitted ဆိုတာကတော့ အိမ်တစ်လုံးရဲ့ အခြေခံအဆောက်အအုံပိုင်းကို တပ်ဆင်ပေးထားတဲ့ အခင်းအကျင်းမျိုး ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ကြမ်းခင်း၊ နံရံဆေးသုတ်၊ မီးကြိုးနဲ့ ရေပိုက်စနစ်တွေအပြင် အိမ်သာနဲ့ ရေချိုးခန်းသုံး ပစ္စည်းတွေကို အသင့် တပ်ဆင်ပေးထားတတ်ပါတယ်။ ဒါ့အပြင် မီးဖိုချောင်နဲ့ လေအေးပေးစက်တွေလိုမျိုး အထိုင်ပရိဘောဂတွေ ပါဝင်တတ်ပေမယ့် ဆိုဖာ၊ ကုတင်နဲ့ TV လိုမျိုး ရွှေ့ပြောင်းနိုင်တဲ့ အရှင်ပရိဘောဂတွေတော့ ပါဝင်မှာ မဟုတ်ပါဘူး။ ဒီပုံစံက မိမိကိုယ်ပိုင် Interior Design စိတ်ကူးနဲ့ အခန်းကို လှလှပပ အလှဆင်ချင်သူတွေအတွက် အထူးသင့်တော်ပြီး အခန်းဈေးနှုန်းကိုလည်း ပိုမိုသက်သာစွာနဲ့ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
Luggage ထုတ်ပြီး အသင့်တက်နေရုံ Fully Furnished ပုံစံ
Fully Furnished ကတော့ အခြေခံပြင်ဆင်မှုတွေအပြင် လူနေထိုင်ဖို့ လိုအပ်တဲ့ ပစ္စည်းအကုန်လုံးကို အသင့်ထည့်ပေးထားတဲ့ အခင်းအကျင်းမျိုး ဖြစ်ပါတယ်။ ဆိုဖာ၊ ကုတင်၊ မွေ့ရာ၊ ဗီရိုနဲ့ ထမင်းစားပွဲ စသဖြင့် အစုံအလင် ပါဝင်တတ်ပါတယ်။ ပရိဘောဂတွေ လိုက်ဝယ်ရမယ့် အချိန်ကုန်၊ လူပင်ပန်းမှုကို သက်သာစေတာကြောင့် ချက်ချင်းတက်နေချင်သူတွေ ဒါမှမဟုတ် ဝယ်ပြီးချင်း ပြန်ငှားမယ့် ရင်းနှီးမြှုပ်နှံသူတွေအတွက် အဆင်ပြေဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။ အခန်းဈေးနှုန်း အနည်းငယ် ပိုနိုင်ပေမယ့် စိတ်ပူစရာမလိုဘဲ အသင့်နေထိုင်နိုင်တဲ့ အားသာချက်ကတော့ တန်ဖိုးရှိလှပါတယ်။
𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐋𝐢𝐧𝐤 𝐏𝐫𝐨𝐩𝐞𝐫𝐭𝐢𝐞𝐬 က ထိုင်းနိုင်ငံမှ တရားဝင်လိုင်စင်ရထားတဲ့ Company တစ်ခုဖြစ်ပြီးတော့ Condo/Villa စဝယ်ယူမည့်သူများကိုလည်း Consultation လုပ်ပေးခြင်း၊ Project များကို လူကိုယ်တိုင် (သို့) Video Tour ဖြင့် ပြသပေးခြင်း၊ ဝယ်ယူပြီးသည့်နောက် စာချုပ်စာတမ်းများခိုင်မာသည်အထိ ဆောင်ရွက်ပေးခြင်း စသဖြင့် လူကြီးမင်းတို့အဆင်ပြေအောင် အစ/အဆုံး One Stop Service ဝန်ဆောင်မှုပေးလျက်ရှိပါတယ်နော်။
𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐋𝐢𝐧𝐤 𝐏𝐫𝐨𝐩𝐞𝐫𝐭𝐢𝐞𝐬: 𝐓𝐮𝐫𝐧𝐢𝐧𝐠 𝐘𝐨𝐮𝐫 𝐃𝐫𝐞𝐚𝐦𝐬 𝐢𝐧𝐭𝐨 𝐑𝐞𝐚𝐥𝐢𝐭𝐲.
Thailand Phone: +66 65 758 5266
Viber: +959 7999 25707
#BangkokLinkProperties
#RealEstateThailand
#FullyFitted
#FullyFurnished
#Bangkok #Chiangmai
#Thailand