Knowledge Sharing
တိရစ္ဆာန်လေးတွေကို Condo မှာ စိတ်ချလက်ချ မွေးတော့မယ်ဆိုရင် သီးသန့် Pet Friendly Building မျိုးကို ဘာကြောင့် ရွေးချယ်သင့်တာလဲ?
Published 2026-03-17
🐈⬛🐕 တိရစ္ဆာန်ချစ်သူတစ်ယောက်အတွက် ကိုယ့်ရဲ့ အဖော်မွန်လေးတွေနဲ့အတူ စိတ်အေးလက်အေး နေထိုင်ခွင့်ရဖို့က အိမ်တစ်လုံးရွေးချယ်ရာမှာ အဓိကအချက် ဖြစ်လာပါတယ်။ ✨ ဒါပေမဲ့ မြို့ပြရဲ့ ကွန်ဒိုအများစုမှာ Pets လေးတွေ မွေးခြင်းကို ကန့်သတ်ထားလေ့ရှိပါတယ်။ Pets မွေးခွင့် မပြုထားတဲ့ ကွန်ဒိုတွေမှာ မွေးမိတဲ့အခါ စီမံခန့်ခွဲမှုအဖွဲ့ရဲ့ စည်းကမ်းချက်များအရ ဒဏ်ငွေပေးဆောင်ရခြင်း ဒါမှမဟုတ် ကိုယ့်ရဲ့ Pets လေးတွေကို အဝေးသို့ ပို့ဆောင်ခံရခြင်း စတဲ့ အခက်အခဲတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် အစကတည်းက စိတ်အေးလက်အေးနဲ့ တရားဝင် မွေးခွင့်ရှိတဲ့ Pet Friendly Building မျိုးကို ရွေးချယ်ဖို့က တကယ့်ကို အရေးကြီးပါတယ်။ ✨ Pet Friendly Building သီးသန့်ဖြစ်နေတဲ့ နေရာမျိုးကို ဘာကြောင့် ရွေးချယ်သင့်တာလဲ? 🥰 🔷 Pet Friendly ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ အချစ်တော်လေးတွေကို စည်းကမ်းတကျနဲ့ တရားဝင် မွေးမြူနိုင်ပါတယ်။ ကွန်ဒိုရဲ့ စည်းကမ်းချက်တွေကို ချိုးဖောက်မိမှာ ဒါမှမဟုတ် ဒဏ်ငွေဆောင်ရမှာတွေကို စိုးရိမ်စရာမလိုတော့ဘဲ စိတ်အေးချမ်းစွာ အတူတူနေထိုင်နိုင်ပါတယ်။ 🔷 တခြား Condo တွေမှာဆိုရင် တိရစ္ဆာန်မကြိုက်တဲ့ အိမ်နီးချင်းတွေနဲ့ ထိပ်တိုက်တွေ့မှာကို အားနာစရာ ဖြစ်တတ်ပါတယ်။ Pet Friendly Building မှာတော့ အိမ်နီးချင်းအားလုံးက တိရစ္ဆာန်ချစ်သူတွေဖြစ်တဲ့အတွက် ကိုယ့်ရဲ့အိမ်မွေးတိရစ္ဆာန်လေးတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်မှာကို ကြောက်စရာမလိုတော့ဘဲ မိသားစုလို နွေးထွေးတဲ့ အသိုက်အဝန်းကို ရရှိစေပါတယ်။ 🔷 သာမန် Condo အချို့မှာ တိရစ္ဆာန်ပေးမွေးပေမယ့် သူတို့လေးတွေ လွတ်လွတ်လပ်လပ် ပြေးလွှားနိုင်ဖို့ နေရာမရှိတာမျိုး ဖြစ်တတ်ပါတယ်။ Pet-Allowed သီးသန့်ဖြစ်တဲ့ နေရာမျိုးမှာတော့ Pet Park နဲ့ Pet Room လိုမျိုး သူတို့လေးတွေ စွမ်းအင်တွေထုတ်ပြီး ပျော်ပျော်ရွှင်ရွှင် ကစားနိုင်မယ့် နေရာတွေ သီးသန့်ပါဝင်တာကြောင့် သူတို့လေးတွေရဲ့ ကျန်းမာရေးနဲ့ စိတ်ပျော်ရွှင်မှုအတွက် အထူးသင့်တော်ပါတယ်။ 🔷 Pet Friendly Building တွေမှာ တိရစ္ဆာန်လေးတွေအတွက် သီးသန့် Lift Hall တွေနဲ့ သန့်ရှင်းရေးစနစ်တွေကို စနစ်တကျ စီမံထားလေ့ရှိပါတယ်။ ဒါကြောင့် အများသုံးနေရာတွေမှာ သန့်ရှင်းမှုအတွက် စိုးရိမ်စရာမလိုဘဲ အနံ့အသက်ကင်းစင်တဲ့ ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ပါတယ်။ ဒီလိုအချက်တွေအားလုံးနဲ့ ပြည့်စုံတဲ့ နေရာတစ်ခုကတော့ Lumpini Park On 19 ပဲဖြစ်ပါတယ်။ ဒီ Project မှာဆိုရင် Building C တစ်ခုလုံးကို Pet-Allowed Building အဖြစ် သီးသန့်သတ်မှတ်ပေးထားပါတယ်။ 🤗✨ 🐕 ကိုယ့်ရဲ့ Pets လေးတွေ လွတ်လွတ်လပ်လပ် ဆော့ကစားဖို့ သီးသန့်နေရာ Pet Park ပါဝင်ပါတယ်။ 🐈 အိမ်မွေးတိရစ္ဆာန်လေးတွေအတွက် သီးသန့် ပြင်ဆင်ပေးထားတဲ့အခန်း Pet Rooms တွေ ပါဝင်ပါတယ်။ ✨ လူကြီးမင်းတို့အတွက်လည်း Jacuzzi၊ Fitness၊ Co-Working Space နဲ့ Podcast Room အထိ စုံစုံလင်လင် ပါဝင်တာကြောင့် လူရော တိရစ္ဆာန်လေးတွေပါ စိတ်ချမ်းသာစွာ အနားယူနိုင်မှာပါ။ ကိုယ့်ရဲ့ အချစ်တော်လေးတွေနဲ့အတူ Release into Rest ဖြစ်စေမယ့် နေထိုင်မှုဘဝကို Lumpini Park On 19 ရဲ့ Building C မှာ စတင်နိုင်ပါပြီ။ 🤗✨ ဒီ Project နဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက BangkokLink Properties ရဲ့ Page Messenger မှာ ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင်။ 📪 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐋𝐢𝐧𝐤 𝐏𝐫𝐨𝐩𝐞𝐫𝐭𝐢𝐞𝐬 က ထိုင်းနိုင်ငံမှ တရားဝင်လိုင်စင်ရထားတဲ့ Company တစ်ခုဖြစ်ပြီးတော့ Condo/Villa စဝယ်ယူမည့်သူများကိုလည်း Consultation လုပ်ပေးခြင်း၊ Project များကို လူကိုယ်တိုင် (သို့) Video Tour ဖြင့် ပြသပေးခြင်း၊ ဝယ်ယူပြီးသည့်နောက် စာချုပ်စာတမ်းများခိုင်မာသည်အထိ ဆောင်ရွက်ပေးခြင်း စသဖြင့် လူကြီးမင်းတို့အဆင်ပြေအောင် အစ/အဆုံး One Stop Service ဝန်ဆောင်မှုပေးလျက်ရှိပါတယ်နော်။ 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐋𝐢𝐧𝐤 𝐏𝐫𝐨𝐩𝐞𝐫𝐭𝐢𝐞𝐬: 𝐓𝐮𝐫𝐧𝐢𝐧𝐠 𝐘𝐨𝐮𝐫 𝐃𝐫𝐞𝐚𝐦𝐬 𝐢𝐧𝐭𝐨 𝐑𝐞𝐚𝐥𝐢𝐭𝐲. Thailand Phone: +66 65 758 5266 #BangkokLinkProperties #RealEstateThailand #LumpiniParkOn19 #ReleaseIntoRest #BangkokCondo #PetFriendlyCondo #CondoLivingWithPets