Knowledge Sharing

၂၀၂၆မှာ ဘန်ကောက်ရဲ့ Condo Market ဘယ်လိုပြောင်းလဲနေသလဲ?

Published 2026-06-21

ဘန်ကောက်မှာ Condo ဝယ်ဖို့ စဉ်းစားနေသူပဲဖြစ်ဖြစ်၊ Property Investment လုပ်ဖို့ လေ့လာနေသူပဲဖြစ်ဖြစ် လက်ရှိ Market Trend တွေကို သိထားဖို့ အရေးကြီးပါတယ်။ ၂၀၂၆ ခုနှစ်မှာတော့ Condo Market ကို သက်ရောက်မှုရှိနေတဲ့ အဓိကအချက် (၄) ချက်ကို တွေ့မြင်ရပါတယ်။

Rental Demand တိုးလာခြင်း

COVID နောက်ပိုင်းမှာ Tourism နဲ့ Business Sector တွေ ပြန်လည်အားကောင်းလာတာကြောင့် Expat များ၊ International Students များနဲ့ Digital Nomad များ ဘန်ကောက်ကို ပိုမိုဝင်ရောက်လာကြပါတယ်။ ဒါကြောင့် Condo ငှားရမ်းလိုသူ အရေအတွက် တိုးလာပြီး Location ကောင်းတဲ့ Condo တွေအတွက် Rental Demand က ဆက်လက်မြင့်တက်နေပါတယ်။ Investor တွေအတွက်လည်း အငှားဝင်ငွေ ရရှိနိုင်မယ့် အခွင့်အလမ်း ပိုကောင်းလာတဲ့ Market တစ်ခု ဖြစ်နေပါတယ်။

MRT & BTS Line အသစ်များရဲ့ သက်ရောက်မှု

Property Market မှာ Transportation ဟာ အရေးကြီးဆုံး အချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ MRT နဲ့ BTS လမ်းကြောင်းအသစ်တွေ တိုးချဲ့လာတာနဲ့အမျှ အရင်က လူသိနည်းခဲ့တဲ့ Area တွေပါ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားစရာ Location တွေ ဖြစ်လာနေပါတယ်။ Station နဲ့ နီးတဲ့ Condo တွေဟာ နေထိုင်သူအတွက် အဆင်ပြေသလို Rental Demand နဲ့ Resale Value နှစ်ခုစလုံးမှာ အားသာချက် ရရှိနိုင်ပါတယ်။

Wellness & Pet-friendly Condo များ ပိုမိုရေပန်းစားလာခြင်း

အရင်တုန်းက Condo ရွေးတဲ့အခါ Room Size နဲ့ Price ကိုပဲ အဓိကကြည့်ခဲ့ကြပေမယ့် ယနေ့ခေတ်မှာ Lifestyle ကို ပိုမိုဦးစားပေးလာကြပါတယ်။ Fitness Center, Green Space, Co-working Area, Air Quality System စတဲ့ Wellness Facilities တွေအပြင် Pet-friendly Policy ပါရှိတဲ့ Condo တွေကို ဝယ်ယူသူနဲ့ ငှားရမ်းသူ နှစ်ဖက်စလုံးက ပိုမိုစိတ်ဝင်စားလာကြပါတယ်။

Investor များ Rental Yield ကို ပိုမိုအာရုံစိုက်လာခြင်း

လက်ရှိ Market မှာ Condo တန်ဖိုးတက်နိုင်မလား ဆိုတာတစ်ခုတည်း မကြည့်တော့ဘဲ Rental Yield ဘယ်လောက်ရနိုင်မလဲ၊ Vacancy Risk ဘယ်လောက်ရှိမလဲ ဆိုတာတွေကို ပိုမိုလေ့လာလာကြပါတယ်။ ဒါကြောင့် Investor အများစုက BTS/MRT နီးတဲ့ Location၊ Tenant Demand မြင့်တဲ့ Area နဲ့ Rental Return ကောင်းတဲ့ Project တွေကို ပိုမိုရွေးချယ်လာကြတာကို တွေ့ရပါတယ်။

Condo ဝယ်ယူဖို့ စဉ်းစားနေတယ်ဆိုရင်တော့ Market Trend တွေကို နားလည်ထားပြီး ကိုယ့်ရဲ့ ရည်မှန်းချက်နဲ့ ကိုက်ညီတဲ့ Project ကို ရွေးချယ်နိုင်ဖို့ အရေးကြီးပါတယ်နော်။

BangkokLink Properties က ထိုင်းနိုင်ငံမှ တရားဝင်လိုင်စင်ရထားတဲ့ Company တစ်ခုဖြစ်ပြီးတော့ Condo/Villa စဝယ်ယူမည့်သူများကိုလည်း Consultation လုပ်ပေးခြင်း၊ Project များကို လူကိုယ်တိုင် (သို့) Video Tour ဖြင့် ပြသပေးခြင်း၊ ဝယ်ယူပြီးသည့်နောက် စာချုပ်စာတမ်းများခိုင်မာသည်အထိ ဆောင်ရွက်ပေးခြင်း စသဖြင့် လူကြီးမင်းတို့အဆင်ပြေအောင် အစ/အဆုံး One Stop Service ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

BangkokLink Properties: Turning Your Dreams into Reality.

Thailand Phone: +66 65 758 5266

#BangkokLinkProperties

#RealEstateThailand

#RealEstateBangkok

#BangkokCondo

#PropertyInvestment

#BangkokCondoMarket